မျက်နှာပေါင်းတင်လွှာသုံးသင့်တဲ့အကြောင်းရင်း
30-Oct-2016
မျက်နှာပေါင်းတင်လွှာတွေဟာ အရေပြားဆဲလ်သေတွေ၊ ဆား ဝက်ခြံတွေကိုဖယ်ရှားပြီး မျက်နှာ အရေပြားကို စိုပြည်ချောမွေ့နေ စေပြီး အဆီပြန်တဲ့အသားအရေ တွေ၊ ဝက်ခြံများတဲ့သူတွေအ တွက် ကောင်းကျိုးပြုပါတယ်။
အသင့်သုံး မျက်နှာပေါင်း တင်လွှာအမျိုး မျိုးဝယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲကိုယ်တိုင် ပေါင်းတင်လွှာလေးတွေ လုပ်ပြီးတော့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူပေါင်းတင်နိုင်တာကြောင့် တွင်တွင်ကျယ်ကျယ်လုပ်လာနေ ကြပါပြီ။
မျက်နှာပေါင်းတင်အရည် သုတ်လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ခြောက်သွားတဲ့အဖတ်တွေ ခွာချလိုက်တဲ့အခါ ချွေးပေါက် တွေပွင့်ပြီး မျက်နှာအရေပြား လန်းဆန်းစိုပြည်စေပါတယ်။
မျက်နှာပေါ်မှာရှိနေတဲ့ ဖုန် နဲ့ အညစ်အကြေးတွေ၊ အရေပြား ဆဲလ်သေတွေဖယ်လိုက်သလို ဖြစ်တဲ့အတွက် ဆားဝက်ခြံသမား တွေလုပ်သင့်တယ်လို့ဆိုပါ တယ်။
ပေါင်းတင်လွှာထဲက အရေ ပြားအားဖြည့်ဓာတ်တွေဟာ မျက် နှာထဲကိုစိမ့်ဝင်သွားတဲ့အတွက် အသားအရေတင်းရင်းကာ ဖြူ ဝင်းနုပျိုစေပါတယ်။
နောက်ပြီးချွေးပေါက်တွေ ကတစ်ဆင့် အရေပြားထဲဝင်မယ့် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပြီး ဒီလိုပေါင်းတင် တာဟာ အကြမ်းမခံနိုင်တဲ့အရေ ပြား (Sensitive Skin)ပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာမှာမွေးညင်းထူတဲ့ သူတွေအတွက်ဆိုရင်လည်း ပေါင်းတင်လွှာမကြာခဏသုတ် လိမ်းပြီး အမွေးတွေဖယ်ရှားနိုင်ပါ တယ်။
မျက်နှာအရေပြားညစ်ထပ် ထပ်ဖြစ်နေရင်လည်း အလှပြင် ဆိုင်တွေမသွားဘဲ အိမ်မှာပဲ ပေါင်းတင်အရည်လေးနဲ့ လုပ်ပေးရင် အသားအရေတွေကြည် စင်စေပါတယ်။
Ref;
ကျန်းမာရေး, ဗဟုသုတ, အလှအပ
ဖိုးသူတော် (www.phothutaw.com)
Credit:7day Daily
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

